International News

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာနနှင့် Mastercard တို့ပူးပေါင်း၍ ထူးခြားသော ဒစ်ဂျစ်တယ်မြို့တော်မိတ်ဖက်ဆောင်ရွက်မှုတစ်ရပ် စတင်

Last Updated:

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန (DET) သည် ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 ၏ ရည်မှန်းချက်များနှင့်အညီ ယူအေအီးစီးပွားရေးတိုးတက်မှုကိုပိုမိုအရှိန်မြှင့်ရန်အတွက် ဒစ်ဂျစ်တယ်မြို့တော်မိတ်ဖက်ဖွဲ့စည်းမှုအဖြစ် ငွေပေးချေမှု၊ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဆိုင်ရာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Mastercard နှင့်နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ကမ္ဘာ့ပထမဆုံးအဖြစ် မြို့တော်အဆင့်တွင် မဟာဗျူဟာမြောက်မိတ်ဖက်အဖွဲ့သည် Mastercard ၏ ဒူဘိုင်းအတွက် ရထားလမ်းကြောင်းပေါင်းစုံငွေပေးချေမှုကွန်ရက်နှင့် ကမ္ဘာတစ်ဝှမ်းရှိကုန်သည် သန်း ၁၀၀ ကျော်ကို ချိတ်ဆက်နိုင်ပြီး D33 အစီအစဉ်၏ဦးစားပေးကဏ္ဍအားလုံးနှင့် အစိတ်အပိုင်းကဏ္ဍများကိုဖြေရှင်းနိုင်မည့် အချက်အလက်ဦးတည်ဖော်ဆောင်သည့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုနည်းပညာများကို ချိတ်ဆက်အသုံးချနိုင်ရန်လမ်းကြောင်း ပေးအပ်ထားပါသည်။

နားလည်မှုစာချွန်လွှာအရ ဒူဘိုင်းတွင်ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို နှစ်ရှည်ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကုန်သွယ်မှုနှင့် ပို့ကုန်များတိုးတက်လာစေရေးကိုပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတကာကုန်သွယ်မှုအခွင့်အလမ်းသစ်များဖော်ဆောင်ရန်နှင့် ပို့ကုန်စွမ်းရည်များချဲ့ထွင်နိုင်ရန်ရည်ရွယ်ပြီး၊ လုံခြုံပြီး ထိရောက်သောငွေပေးချေမှုလုပ်ငန်းရပ်များအား ပံ့ပိုးဆောင်ရွက်ရာတွင် Mastercard ၏လုပ်ငန်းကျွမ်းကျင်မှုကို အသုံးချဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိတ်ဖက်အဖွဲ့သည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) တိုးတက်မှုကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့အား ဒစ်ဂျစ်တယ်ကိရိယာများ၊ အရင်းအမြစ်များနှင့်ဆန်းသစ်တီထွင်မှု၊ယှဉ်ပြိုင်နိုင်စွမ်းနှင့်ရေရှည်တည်တံ့ခိုင်မြဲစေရန် လမ်းညွှန်မှုများပေးသွားမည်ဖြစ်ပြီး မြို့တော်၏ဒစ်ဂျစ်တယ်စီးပွားရေးကို ရှေ့သို့မောင်းနှင်ရန်လိုအပ်သောစွမ်းရည်ရှိသည့် ကျွမ်းကျင်လုပ်သားများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယူအေအီးတွင်ပျိုးထောင်သွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ကဏ္ဍတွင် ကမ္ဘာတစ်ဝှမ်းမှ အရည်အချင်းရှိသူများကို ဆွဲဆောင်ခေါ်ယူရန်အတွက် အတူဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်မြို့တော်မိတ်ဖက်ဆက်ဆံရေးသည် ဒူဘိုင်းခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးချသွားရန်ရည်ရွယ်ပြီး ဆန်းသစ်သောငွေပေးချေမှုဖြေရှင်းချက်များ အကောင်အထည်ဖော်ပြီး ခရီးသွားဧည့်သည်များ၏အတွေ့အကြုံများကို မြှင့်တင်ပေးခြင်းဖြင့် အပန်းဖြေမှုကဏ္ဍ၊ စီးပွားရေးလုပ်ငန်းကဏ္ဍနှင့် အထူးဝန်ဆောင်မှုကဏ္ဍ စသည့်ထိပ်တန်းကဏ္ဍသုံးခုတွင် ကမ္ဘာ့ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေရန် ရည့်ရည်ရွယ်သည့် ဒူဘိုင်း၏ဦးတည်ချက်များကို အထောက်အကူပြုသွားမည်ဖြစ်ပါသည်။

ဒူဘိုင်း၏ခေါင်းဆောင်မှုဖြင့် အမြော်အမြင်ရှိသော ယခုဒစ်ဂျစ်တယ်မိတ်ဖက်ဆက်ဆံမှု၏ ကတိကဝတ်သည် ဒစ်ဂျစ်တယ်မိတ်ဖက်ဖွဲ့စည်းဆက်ဆံမှု၏ နက်နဲမှုနှင့်ပမာဏတို့နှင့်အတူ၊ ရထားလမ်းကြောင်းနှင့် ခေတ်မီငွေပေးချေမှုဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆောင်ရွက်ရာ တွင် ခေတ်နှင့်အညီဆောင်ရွက်နိုင်ရန်အတွက် အဆင်ပြေလွယ်ကူစေသည့်ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးခဲ့ပါသည်။ ဤအချက်သည် စီးပွားရေးအင်အားကောင်းစေရန်၊ လူသားများခွန်အားဖြစ်စေရန်နှင့် အောင်မြင်နိုင်သည့် ရေရှည်တည်တံ့သောကမ္ဘာတစ်ခုကို တည်ဆောက်ရန်ဟူသည့် Mastercard ၏ဦးတည်ချက်နှင့်လည်း ကိုက်ညီမှုရှိပါသည်။

နားလည်မှုစာချွန်လွှာကို ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာနမှ ဒူဘိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Hadi Badri နှင့် Mastercard မှ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိက(MENA)ဒေသခွဲအထွေထွေမန်နေဂျာဖြစ်သူ J.K. Khalil, Cluster တို့လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အရင်းအမြစ် - focus.hidubai.com

ဦးနန္ဒာစိုးမြင့်

 

Category: International News